Skip to Content

PURITO

Centella Unscented Serum
September 20, 2023 by
PURITO
Kz

Purito လို့ ပြောရင် ဒီ serum ကို ပြေးမြင်ရလောက်အောင် နာမည်ကြီးတယ်.. 

တချို့ product တွေလို .. နာမည်သာကြီးတာ တကယ်တမ်း သုံးကြည့်တော့ အဲ့လောက် မသိသာပါဘူးကွာ.. ဆိုတာမျိုး မဟုတ်နေဘူး..

Post အစမှာ ပြောခဲ့တဲ့ Miracle Result ရဲ့ အဓိက စွမ်းဆောင်သူက ဒီ serum လို့ပြောရင်လဲ မမှားဘူး … 

  • Texture အရတော့ ရှေ့က toner ထက် နဲနဲပဲ ပိုပျစ်တယ် .. aloe vera gel တွေလို ကြည်ကြည်လေးနဲ့ Gel ပုံစံလေးပေါ့. ..

သုံးရတာတော့ လုံးဝ စေးကပ်မှုရှိမနေဘူး၊ စိမ့်ဝင်လွယ်တယ်... 

  • Centella 49% ထိ ပါတာမို့ Soothing က အတော်ကောင်းတယ်။ 
  • Niacinamide နဲ့ ဝက်ခြံထွက်တာကို သက်သာအောင်, ထွက်ပြီးကျန်ခဲ့တဲ့အမာရွတ်တွေ သက်သာအောင် ထိန်းထားပေးတယ်။
  • အခြား hydrating ingredient တွေဖြစ်တဲ့ Glycerin, Panthenol လိုမျိုးအပြင်, barrier ကျန်းမာစေဖို့ Ceramide စတာတွေ ပါတယ်...

ဒီနေရာမှာ တခု ဖြည့်ပြောချင်တာကတော့ Dehydrated skin ဖြစ်တဲ့ မင့်လို့လူအတွက် လုံလောက်တဲ့ hydration တော့ မရဘူး။

အဲ့အတွက် ညဘက်မှာ ဒီ serum ပြီးရင် HA serum တခုကို ထပ်သုံးရတယ် …

မနက်ဖက်ဆိုရင်တော့ ပိုပြီး လိုအပ်တဲ့နားတွေလောက်ကိုပဲ HA ထည့်တယ် တပြင်လုံးမသုံးတော့ဘူး .. 

ဒီရာသီဥတုနဲ့ကျ အရမ်းအဆီပြန်နေမှာစိုးလို့...

#puritocentellauncentedserum


PURITO Centella Uncented Toner