Skip to Content

PURITO 101 Set

September 20, 2023 by
PURITO 101 Set
Kz

လွန်ခဲ့တဲ့ ၁ပတ်လောက်က ဖြစ်မယ် … 💭 

မေးရိုးနားမှာ အဆီဖုတွေ ပြုံထလာတာ 😣

အလုပ်များပြီး stress ပိတာ ဘယ်လောက်ထိလဲဆိုရင် .. 

တခြားသူတွေကို skincare အရေးကြီးကြောင်း, သေချာလုပ်သင့်ကြောင်း အကြံပေးတဲ့သူက 

ညဆို ပြန်ရောက်တာနဲ့ Cleansing Water ဗူးကြီးနဲ့ Kiyoi ၁ရွက်ဆွဲပြီး အိပ်ယာထဲ ပစ်ဝင် .. 😣

ဖျက်လို့ပြီးရင် မျက်နှာ ထသစ်.. ပြီးရင် ပြန်လှဲရင်း .. ခေါင်းအုံးနံဘေးနားချထားတဲ့ Laneige Sleeping Mask ကို မျက်နှာပေါ်ပုံပြီး အိပ်

ဒါမှမဟုတ် Moisturizer လေး နဲနဲ ကော်လာပြီး အိပ်ရင်းပွတ်... 🫣

အဲ့လိုနေလာလိုက်တာ အဆီဖုတွေ မေးရိုးနား ပလုံစီလာရော .. 🫨

အဲ့ချိန် ဒီ Set လေး လက်ဆောင်ရတာပဲ... 🎁 

အမှန်တိုင်းပြောရရင် ထူးထူးခြားခြားကြီး ဖြစ်မယ်လို့တော့ မထင်ဘူး.. 💭

🍃 Centella အဓိက ပါတဲ့ Skincare ပေါ့လေ ..soothing တော့ ထိုက်သင့်သလောက်ကောင်းမှာပေါ့ .. 

အဲ့လောက်ပဲ တွေးမိတာ ..

လူကလဲ အသစ်မြင်ရင် စမ်းချင်တာ ဆိုတော့ .. 

အဲ့နေ့တော့ set ထဲမှာ ပါတဲ့ cleanser နဲ့ 

မျက်နှာသေချာသစ် 

Toner, Serum, Moisturizer လိမ်း ပေါ့လေ.. 

ပြီးတော့ Laptop ရှေ့မှာ အလုပ်များနေရင်း ၂-၃ နာရီလောက်ကြာတော့မှ ခနနားရင်း မှန်ကြည့်တာ .. 

OMG! 🫨🫨

မျက်နှာသစ်ပြီးခါစထိ ယောင်ပြီး နီရဲနေတဲ့ အဆီဖုတွေ တဝက်လောက်ချပ်ကျသွားပြီး .. 

Skin က plump ဖြစ်ပြီး ကြည်တင်းနေတာ .. (ရှေ့ ၃ပတ်လောက်က dehydrated ဖြစ်ပြီး နွမ်းဖတ် အကြောင်းတွေထချင်နေတာ)

ချက်ချင်းနော်... Result ပြတာက .. 

ဆက်တိုက်သုံးလာတာ ၁၀ ရက်ဝန်းကျင်ရှိပြီမို့

ခုဆို မျက်နှာမှာ အဆီဖု တခုမှမရှိပဲ ကြည်ပြီး လင်းနေပြီ ... 

သာမာန်ရိုးရိုးရှင်းရှင်း Skincare လေးတခုက 

အဲ့လောက် Miracle Effect ကို ပေးဖို့ လိုလို့လား ❓

... ဆက်ရန်

#charm #purito101set

#puritodefencebarriercleanser #puritocentellauncentedtoner #puritocentellauncentedserum

#puritodeepseapurewatercream #puritodailsofttouchsunscreen



Etude Glow Fixing Tint
04 Chilling Red