Skip to Content

CHARM Membership Policy UPDATE!!

August 21, 2026 by
CHARM Membership Policy UPDATE!!
CHARM

ချစ်ရတဲ့ CHARM Customer များအားလုံးပဲ မင်္ဂလာပါရှင်။ CHARM ကို အစဉ်တစိုက် အားပေးလာကြတဲ့ Member, Non-member တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

လက်ရှိ CHARM မှာ Member (Basic) နှင့် Black Member (VIP) ဆိုပြီး Member Tier (2) မျိုး ရှိပါတယ်။ (မှတ်ချက် - Basic Member ကို CHARM မှ ကြေညာပေးသည့် အထူး Promotion အချိန်များတွင်သာ LIMITED TIME Offer!! အနေနဲ့ Free ဝင်ခွင့်ပေးလေ့ရှိပါတယ်)။

ယခင်က Black Member (VIP) ဖြစ်ပြီးသားသူများကို Level Reset မလုပ်ဘဲ အမြဲတမ်း VIP အနေဖြင့် ထားရှိပေးခဲ့သော်လည်း၊ အခု 2026 ခုနှစ်ကစပြီး Black Member များအတွက် အောက်ပါအတိုင်း Policy အသစ်များ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

📌 1. Basic Member ၏ သက်တမ်း (Lifetime) Basic Member များ၏ သက်တမ်းကတော့ ယခင်အတိုင်း တစ်သက်တာ (Lifetime) ဖြစ်ပြီး နှစ်ကုန်တိုင်း Reset ဖြစ်သွားမည် မဟုတ်ပါ။

📌 2. Black Member အသစ် ဝင်ရောက်ခြင်း Basic Level မှ Black Member သို့ ယခုမှ စတင် Upgrade လုပ်မည့်သူများ အနေဖြင့် ယခင်အတိုင်း 10,000 Points ဖြင့် Redeem ပြုလုပ်ပြီး Upgrade လုပ်ရပါမည်။

📌 3. လက်ရှိ Black Member များ သက်တမ်းတိုးခြင်း (Renewal) 2026 ခုနှစ်မှ စတင်ပြီး Black Member Level သည် နှစ်ကုန်တိုင်း (December 31 ရက်နေ့ ပြီးဆုံးသည်နှင့်) Basic Level သို့ အလိုအလျောက် (Auto Reset) ကျသွားမည် ဖြစ်ပါသည်။

ဒါကြောင့် လက်ရှိ Black Member ဖြစ်ပြီးသားသူများ အနေဖြင့် နောက်နှစ်အတွက် VIP သက်တမ်း ဆက်လက်တိုးလိုပါက (Extend လုပ်လိုပါက) Point အပြည့်ပေးစရာမလိုဘဲ 5,000 Points ဖြင့်သာ သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။ (သက်တမ်းတိုးလိုက်ပါက နောက်နှစ် နှစ်ကုန်အထိ အကျုံးဝင်ပါမည်)။

⚠️ အထူးသတိပြုရန် (Deadline) Point (5,000) ဖြင့် သက်တမ်းတိုးခြင်းကို ယခုနှစ် December (31) ရက်နေ့  6PM နောက်ဆုံးထားပြီး ပြုလုပ်ပေးရပါမည်။ December (31)ကျော်လွန်ပြီး January 1 ရက်နေ့ ရောက်သွားပါက စနစ်မှ Basic Level သို့ Auto ချသွားမည်ဖြစ်သောကြောင့် သက်တမ်းတိုးခွင့် (5,000 pts ဖြင့်) မရတော့ဘဲ၊ Black Member အသစ်ပြန်ဝင်သည့် ပုံစံအတိုင်း 10,000 Points အပြည့်ဖြင့်သာ ပြန်လည် Redeem လုပ်ရမည် ဖြစ်ပါသည်။

ဒါကြောင့် Black Member (VIP) တွေအနေနဲ့ ကိုယ့်ရဲ့ လက်ရှိ Level လေး မကျသွားအောင် နှစ်မကုန်ခင် Point လေးတွေစစ်ပြီး December (31) ရက်နေ့ မတိုင်မီ ကြိုတင် သက်တမ်းတိုးထားကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်ရှင်။

အမြဲတမ်း အားပေးချစ်ခင်မှုများအတွက် ကျေးဇူးတင်လျက်... 🫶

CHARM Team